အမှန်တရား ဆိုတာ တခါတရံမှာ အမှားတရံလဲ ဖြစ်တတ်ကြတယ်တဲ့။
အမှန်တရား ဆိုတာ ဘယ်ဘက်မှာ ရပ်တည်နေလဲ ဆိုတာထက် ပိုပြီး ကျယ်ပြန့်ပါသေးတယ်၊
အမှန်တရား ဆိုတာ လက်ဖမိုးနဲ့ လက်ဖ၀ါးလိုပဲ မှောက်ချည်လှန်ချည်လဲ ဖြစ်တတ်ပါသေးတယ်၊
အမှန်တရား ဆိုတာ ခေါင်းနဲ့ပန်းလိုပဲ ကျောချင်းကပ်နေပေမယ့် ဆန့်ကျင်ဘက်လဲ ဖြစ်တတ်သေးတယ်၊
အမှန်တရား ဆိုတာ ရောက်ရှိနေချိန်နဲ့လဲ တိုက်ရိုက်အချိုးကျတတ်ပါသေးတယ်၊
အမှန်တရား ဆိုတာ ဘက်၂ဘက်ရဲ့ ကြားထဲမှာလဲ ရှိမနေတတ်ပါဘူး။
အမှန်တရား ဆိုတာ ဂိုဏ်းဂဏစွဲတွေ ဘယ်လောက်ကင်းရှင်းနေရမလဲ ဆိုတာပေါ်လဲ မူတည်ပါသေးတယ်၊
အမှန်တရား ဆိုတာ ဘယ်လောက်ကြာကြာ ဘယ်ချိန်ရောက်ရောက် မပြောင်းလဲဘူးဆိုတာဟုတ်သလားလဲ သိချင်ပါသေးတယ်၊
အမှန်တရား ဆိုတာ စကားလုံးတွေပေါ်မှာ မူတည်တာ ဟုတ်မဟုတ် ရှာဖွေကြည့်ချင်တတ်ကြသေးတယ်။
အမှန်တရား ဆိုတာ အခြေအနေ အချိန်အခါပေါ် ပြောင်းလဲတတ်သေးလား လေ့လာချင်သေးတယ်၊
အမှန်တရား ဆိုတာ အုတ်အရောရော ကျောက်အရောရောထဲက ဘယ်အချိန်မှာ ကွဲပြားသွားတတ်သလဲ သိခွင့်ရချင်သေးတယ်၊
အမှန်တရာ ဆိုတာ လျို့ဝှက်ချက်တွေထဲ နစ်မြုပ်နေတတ်တယ်လို့လဲ ထင်မြင်နေတတ်ပါသေးတယ်။
အမှန်တရား ဆိုတာ........
အမှန်တရား ဆိုတာ..........
အမှန်တရား ဆိုတာ............
အမှန်တရား ဆိုတာ...................
အမှန်တရား ဆိုတာ.... စကားလုံးကိုသုံးပြီး နာမည်ကြီးချင်သူတွေ အတွက် မဟုတ်ဘူး။
အမှန်တရား ဆိုတာ....ပွဲလန့်တုန်း ဖျာဝင်ခင်းတတ်သူတွေ အတွက် မဟုတ်ဘူး။
အမှန်တရား ဆိုတာ... အသေးအဖွဲလေးပင်ဖြစ်ပါစေ အာဏာသုံးတတ်သူတွေ အတွက်မဟုတ်ဘူး။
အမှန်တရား ဆိုတာ ...ပုဂ္ဂိုလ်စွဲတွေနဲ့ ဖွေရှာလို့ မရဘူး။
အမှန်တရား ဆိုတာ...ကိုယ့်ကိုယ့်ကို ကာကွယ်ဖို့ဒိုင်းမဟုတ်ဘူး။
အမှန်တရား ဆိုတာ....
အမှန်တရား ဆိုတာ....
အမှန်တရား ဆိုတာ...............
ကျမအတွက်တော့ ... ရှာဖွေနေဆဲ ရှာနေဆဲ။
( အမှန်တရားကို မြတ်နိုးသူများအဖြစ် စကားလုံးလှလှ သုံးနှုန်းနေသူများသို့)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
6 comments:
အမှန်တရား ဒဿနလေးတွေ ဖတ်သွားတယ်
ကေသရီးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အမှန်တရားဆိုတာ တကယ်ကိုကျယ်ပြန့်လွန်းတယ်နော်... ကိုယ်ဘဲမှန်တယ်လို့ လူတွေကထင်တတ်ကြတယ်... မှန်တိုင်းလဲမကောင်းဘူးဆိုတာမျိုးတွေလည်းရှိတယ်.... ကိုယ်တိုင်လဲ တခါတရံ ဇဝေဇဝါဖြစ်နေဆဲ....
အမှန်တ၇ားဆိပ်သုဉ်း၇ာအ၇ပ်ကို
စစ်တပ်ဟုခေါ်ပါသည်။
အမှန်တ၇ားကိုချေးထက်မုန်းသူအား
မင်းတြားဂြီးသန်းေ၇ွဟုခေါ်ပါသည်။
Hi Impressive blogs, visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
Money Make Online:
http://www.dataentryjobs.us/102269.html
Post a Comment