Saturday, April 19, 2008

၂၀၀၈ ရင်ပြင်မှာ….

၂၀၀၈ ရင်ပြင်မှာ
ကြယ်တွေကြွေ လွမ်းတေးဆိုလဲ..
ငါတို့ ကောင်းကင်မှာ ရောင်နီဆိုတာရှိတယ်..
ရောင်ခြည်ဆိုတာ ရှိသေးတယ်..
ပန်းဆိုတာ တပွင့်ကြွေရင် နှစ်ပွင့်ဝေမှာပဲ..
ဒါ…လောက သဘာဝတရား..
ခံယူတတ်ဖို့ပဲ လိုတယ်။


ဘာကြောင့် ပြောသလဲ…
စစ်မရောက်ခင် မြှားကုန်တဲ့ စကားသံတွေ..
ဘာလို့တွေးနေလဲ…
မျှော်လင့်ချက်မဲ့နေတဲ့ ခပ်ညံ့ညံ့ အတွေးအခေါ်တွေ..
ဘာဖြစ်ချင်သလဲ…
ကိုယ်တိုင်မလုပ်ပဲ ခေါင်းဆောင်မျှော်နေသူတွေ..
ဘာမှမဖြစ်သေးဘူး …
အဆိုးကို ကြိုကြည့်ချင်နေကြသူတွေ။

ဘာဖြစ်လဲ…
ရွက်မရှိ တက်နဲ့လှော်မယ်..
တက်ကျိုးရင် လက်ထိုးလှော်မယ်..
လှေခွက်ချည်းကျန်
အလံမလှဲစတမ်း…
နောင်ရိုး စိတ်ထား
ထားတတ်မှ ဖြစ်မယ်။

တိုက်ပွဲဆိုတာ..
တိုက်ရဲသူအတွက်သာ ဖြစ်တယ်။ ။

ခင်မင်းဇော်

4 comments:

Anonymous said...

ကဗျာကတော့ အားမာန်အပြည့်ပဲ အမရေ ။

ကိုပေါ said...

ကြိုက်တယ်ဗျိုး။

မခင်မင်းဇော်အပါအ၀င် တော်လှန်ရေး တိုက်ပွဲဝင် ရဲဘော်အပေါင်းအတွက် ကျနော်ဖတ်ဖူးသော မောင်သာရ၏ ကျဉ်တုပ်ခံဝံ့ မခံဝံ့ ၀တ္ထုထဲမှ ဇာတ်ကောင် ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် ထွန်းနောင်ရေးသော ကဗျာလေးတပုဒ်ကို အမှတ်တရ ရေးပေးလိုက်ပါတယ်။

ချုပ်နေ့ကျူးက
ရူးမူးတုန်လဲ့
ကိုးရာမဲ့ဟု
ကျီးကဲ့သို့လျှင်
မတွေးချင်
ခင်ပုတ်လည်းငှက်
ညဥ့်လည်းနက်
ထွက်၍တိုက်သည်သာတကား။

pandora said...

အားမာန်အပြည့်နဲ့ပါလား အမရေ

boboburma said...

ok
aung way+sit nyaing min